Language School Bangkok, Chiang Mai, Chaing Rai, Pattaya, Hua Hin, Cha-am and Samui

info@thaiwalen.com thaiwalen.com +66(0)22-539-371 :     +6693-262-1100Walen School
English language versionEnglishไทย language versionไทยDeutsch language versionDeutschFrançais language versionFrançaisItaliano language versionItalianoEspañol language versionEspañolPolski language versionPolskiSvenska language versionSvenska
Русский language versionРусский中文 language version中文한국어 language version한국어日本語 language version日本語عربي language versionعربيမြန်မာ language versionမြန်မာفارسی language versionفارسیMagyar language versionMagyar
Walen Phone Numbers
Thailand
Bangkok Sukhumvit:
Office: +66(0)22-539-371
+66(0)22-539-372
Pattaya:
Office: +66 (0) 38-410-526
+66 (0) 38-410-527
Mobile:+66(0)86-308-6762
Chiang Mai, Huay Kaeo:
Office: +66(0)53-405-393
+66(0)53-405-394
Chiang Mai, The Curve:
Office: +66(0)53-105-721
+66(0)53-105-722
Chiang Rai:
Office: +66 (0) 53-702-213
+66 (0) 53-702-214
Mobile:+66(0)81-980-5399
Phuket:
Office: +66 (0) 76-384-588
+66 (0) 76-384-589
Samui:
Office: +66(0)77-426-979
+66(0)77-426-980
Hua Hin:
Office: +66(0)32-526-468
+66(0)32-526-469
Cha-am:
Office: +66(0)32-470-546
+66(0)32-472-328
China
Shanghai Office:
+86-021-6430-6265

နည်းနိဿယ

ထိုင်းဘာသာစကားနှင့် ဝေလန် နည်းနိဿယ

ဝေလန်နည်းဖြင့်ထိုင်းဘာသာသင်ကြားမှုမှာ သဘာဝအတိုင်းလေ့လာသင်ကြားသည့် နည်းအပေါ် အခြေခံသင်ကြားခြင်းဖြစ်သည်။

သင်ခန်းစာစတင်သင်ကြားစကပင်ထိုင်းစာဖတ်နိုင်အောင်သင်ကြားပေးပါမည်။ ဤသို့သင်ခြင်းအား ဖြင့်သင်ထင်သည်ထက် လွယ်ကူစေပါသည်။ ကျွန်ုပ်တို့သည် သင့် အား ရောမအက္ခရာဖြင့် ဖွဲ့ထားသော ထိုင်းဘာသာစကားကို သင်ကြားပေးမည် မဟုတ်ပါ။ ဤသို့ သင်ကြား ခြင်းသည် လုံးဝမှားယွင်းပြီး အချည်းနှီးဖြစ်သည်။ သုံးရန် မသင့်ဟု ယူဆပါသည်။ သင်သည် ထိုင်းစာပေ အသုံးပြု၍ ထိုင်းဘာသာကို ရေးနိုင်၊ ဖတ်နိုင်မည်မှာ သေချာပါသည်။ ကျွန်ုပ်တို့၏ ကျောင်းတွင် သင်ထင် သည်ထက်ပို၍ လွယ်ကူပါသည်။

သင်ခန်းစာစတင်သင်ကြားစကပင် ထိုင်းစာဖတ်နိုင်အောင် သင်ကြားပေးပါမည်။ ဤသို့သင်ခြင်း အားဖြင့်သင်ထင်သည်ထက် လွယ်ကူစေပါသည်။ ကျွန်ုပ်တို့သည် သင့် အား ရောမအက္ခရာဖြင့် ဖွဲ့ထားသော ထိုင်းဘာသာစကားကို သင်ကြားပေးမည် မဟုတ်ပါ။ ဤသို့ သင်ကြား ခြင်းသည် လုံးဝမှားယွင်းပြီး အချည်းနှီးဖြစ်သည်။ သုံးရန် မသင့်ဟု ယူဆပါသည်။ သင်သည် ထိုင်းစာပေ အသုံးပြု၍ ထိုင်းဘာသာကို ရေးနိုင်၊ ဖတ်နိုင်မည်မှာ သေချာပါသည်။ ကျွန်ုပ်တို့၏ ကျောင်းတွင် သင်ထင် သည်ထက်ပို၍ လွယ်ကူပါသည်။

ကျွန်ုပ်တို့၏ ကျောင်းတွင် ထိုင်းဘာသာစကားကို အခမဲ့သင်ကြား ရန် ဖိတ်ခေါ်ပါသည်။ ကျွန်ုပ်တို့၏ ကျောင်းတွင် ထိုင်ဘာသာ သင်ကြားရသည်မှာ လွယ်ကူပြီး ပျော်စရာ ကောင်းပါသည်။ Walen နည်းဖြင့် ယခုသင်ကြားကြည့်ပါ။

နည်းက မည်သို့သင်ကြားသနည်း။

ကျောင်းသားမျးအဖို့စတင်မသင်ကြားမီဝေလန် (Walen) နည်းဖြင့် သင်ကြားပုံ သင်ကြားနည်းကို သိရှိထားရန် အရေးကြီးသည်။ အောက်ပါတို့ကို သေချာစွာ ဖတ်ရှုရန်တိုက်တွန်း ပါသည်။ ယင်းအချက်များကို အသေးစိတ်ဆွေးနွေးလိုပါက ကျွန်ုပ်တို့နှင့် ဆက်သွယ်ပါ။ ကျွန်ုပ်တို့က သင့် အား သတင်းအချက်အလက်များကို လိုလားကြည်နူးစွာ ထပ်မံဖြည့်ဆည်းပေးပါမည်။

တင်ကူးကြံစည်တွေးတောယူဆချက်များ မပါဝင်ပါ။

ကျွန်ုပ်တို့၏ ကျောင်းသားတစ်ဦးအနေဖြင့် သင်သည် ဝေလန် (Walen) နည်း၏ အကျိုးကျေးဇူး အပြည့်အ၀ခံစားလိုပါက ထိုင်းဘာသာစကား မည်သို့သင်ကြားမည်ဆို သည့် ကြိုတင်စိတ်ကူး တွေးဆကြံစည်မှုများ ခေါင်းထဲမှ ဖယ်ရှားပစ်ပါ။

အစအဦး၌ဖြစ်တတ်သော စိတ်ချောက်ချားမှု

အချို့သောကျောင်းသားများ အစတွင် ဝေလန် (Walen) နည်းကိုခဲယဉ်းသည်ဟုထင်တတ် ကြသည်။ သင်ခန်းစာအားလုံးကိုအဘယ်သို့ မျှမှတ်မိနိုင်မည်မဟုတ်ဟု ထင်တတ်ကြသည်။ အကယ်၍ သည်းခံကြိုးစားပြီးသေချာစွာ သင်ခန်းစာများကို စိစစ်ဖတ်ရှုပါက တိုးတက်မှုရှိလာပြီး ခဲယဉ်းတော့မည်မဟုတ်ပါ။

ဘာသာစကားတစ်ခု လေ့လာသင်ကြားရာ၌ အောင်မြင်မှုလျှို့ဝှက် ချက်မှာ ထပ်ခါ၊ ထပ်ခါ၊ ထပ်ခါ သင်ယူခြင်းဖြစ်သည်။

ဘာသာစကားတစ်ခုကို သင်ကြားရာ၌ ကျောင်းသားတစ် ယောက်အဖို့ အရေးအကြီးဆုံးအချက်မှာ ထပ်ခါတစ်လဲ ရွတ်ဆိုနေခြင်းဖြစ်သည်။ ထပ်ခါတစ်လဲ ရွတ်ဆိုနေ ခြင်းသည် စာကို ပြန်နွေးခြင်း၊ ပြန်လည်သင်အံခြင်းဖြစ်သည်။

ဘာသာစကားဥာဏ်ရည်တုန့်ပြန်မှု

ဘာသာစကားတစ်ခုကို သင်ကြားခြင်းသည် လက်နှိပ်စက် အရိုက်သင်ခြင်း သို့မဟုတ် စန္ဒယား အတီးသင်ခြင်းကဲ့သို့ လျှင်မြန်သော ဥာဏ်ရည်တုန့်ပြန်မှု တိုးတက် ဖွံ့ဖြိုးမှု့ပေါ်တွင် များစွာတည်နေပါသည်။ များများလေ့ကျင့်လေ ပိုမိုတိုးတက်လေဖြစ်သည်။ လျှင်မြန်သော တုန့်ပြန်မှုရရှိနိုင်ရန်မှာ စက်ယန္တရားကဲ့သို့ ထပ်ကာထပ်ကာ တစ်လဲလေ့ကျင့်မှ ဖြစ်သည်။ ဥာဏ်ရည်တုံ့ပြန် မှုကို စဉ်းစားမနေရဘဲ အလိုလျောက် “ဒက်ကနဲ” ဂုတ်ခြည်းရရှိနိုင်ရန်မှာ သင်ပြီးရင်းသင်၊ ဖတ်ပြီးရင်းဖတ်၊ ထပ်ကြော့ပြီး စာနွေးပြီးရင်း နွေးမှသာ ဖြစ်နိုင်ပေသည်။

သိပ်မစိုးရိမ်ပါနှင့် သောကမများပါနှင့်။

ဘာသာစကားသင်ကြားမှု ဥာဏ်ရည်တုန့်ပြန်မှုကို လေ့ကျင့်မှသာ ရရှိနိုင်သည်။ ထို့ကြောင့် သင်သည် ကျောင်းသားတစ်ဦးအနေဖြင့် ထိုင်းဘာသာစကား သင်ယူနေချိန်တွင် အရေးမကြီးသော ကိစ္စရပ်များစွာတွင် ပူပင်ကြောင့်ကြသောက မပွားဘဲ ပြောနိုင်၊ ရေးနိုင်အောင် ကြိုးစားရပါ မည်။

စက်ယန္တရားကဲ့သို့ ထပ်ခါတစ်လဲလေ့ကျင့်ခြင်း

စက်ယန္တရားကဲ့သို့ ထပ်ခါတစ်လဲလေ့ကျင့်မှသာ လျှင်မြန်သော ဥာဏ်ရည်တုန့်ပြန်မှုကို ရနိုင်ပါသည်။ ဥာဏ်ရည်တုန့်ပြန်မှုကို စဉ်းစားမနေရဘဲ အလိုလျောက် 'ဒက်ကနဲ' ဂုတ်ခြည်းရရှိနိုင်ရန်မှာသင်ပြီးရင်းသင်၊ ဖတ်ပြီးရင်းဖတ်၊ ထပ်ကြော့ပြီးစာနွေးပြီးရင်း နွေးမှသာ အောင်မြင်ဖြစ် မြောက်နိုင်သည်။

သင်ယူမှုအဆင့်ဆင့်၊ နား၊ ပါးစပ်၊ မျက်စိ၊ လက်

သင်သည် ထိုင်းဘာသာစကားကို ကလေးဘ၀က မိမိဘာသာ စကား သင်ယူသကဲ့သို့ သင်ယူရမည်။ ကလေးတစ်ဦးသည် ပထမဦးစွာ နားကစကားကို ကြားသည်၊ ပြီးလျှင် မိမိကြားသိသမျှကို အတုခိုးသည်၊ ပြီးလျှင် ရေးထားသော စာကိုလေ့လာကြည့်သည်။ နောက်ဆုံးတွင် ကိုယ်တိုင်ရေးသားနိုင်လာသည်။

အမြဲပြန်လှန်လေ့ကျင့် ကျက်မှတ်ခြင်းသည် နုံနဲ့ထုံထိုင်းသော မှတ်ဥာဏ်ကို ကောင်းစေသည်။

သင်ယူမှုတွင် အကြီးဆုံးရန်သူနှစ်ဦးမှာ ငြီးငွေ့ခြင်းနှင့်မှတ်ဥာဏ် နုံနဲ့ထုံထိုင်းခြင်းဖြစ်သည်။ ဝေလန် (Walen) နည်းသည် မြန်ဆန်သွက်လက်မှုကြောင့် ငြီးငွေ့မှုကို ပြေပျောက်စေသည်။ ပြန်လှန်လေ့ကျင့် ကျက်မှတ်ခြင်းဖြင့် ဥာဏ်ရည် နုံနဲ့ထုံထိုင်းမှုကို ကျော်လွှားစေသည်။ သင်ကြားမှု အားလုံးကို ပြန်လှန်ကျက်မှတ်လေ့လာခြင်းအားဖြင့် စကားပြောကိုလည်းကောင်း၊ သိရှိနားလည်မှု၊ ဖတ်ရှုနိုင်မှုကိုလည်းကောင်း ပို၍မြန်ဆန်စေရုံသာမကဘဲ ကျောင်းသားသည် မည်မျှပင်ဥာဏ်ရည် နုံနဲ့သည် ဖြစ်စေ မိမိသင်ကြားမှုမှန်သမျှကို မှတ်မိသည်၊ သင်ယူသမျှစွဲမြဲသည်။

အခမဲ့သရုပ်ပြခြင်း

ကျွန်ုပ်တို့၏ ကျောင်းသို့တက်ရောက်ရန်ဖိတ်ခေါ် ကြိုဆိုပါ သည်။ နည်းလမ်းနှင့် ပတ်သက်၍ အခမဲ့သရုပ်ပြခြင်းကို လေ့လာသင်ယူလှည့်ပါ။ သင်သဘောကျနှစ်ခြိုက် မည်မှာ သေချာပါသည်။

ဝေလန် (Walen) နည်းလမ်းကို သင်ယူခံစားကြည့်ပါ !!

© 2016 www.thaiwalen.com All Rights Reserved